ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ရှမ်းမလေးရဲ့ ဒဿန





မာနကြီးတာမဟုတ်ပါဘူး
အချစ်ဆိုတာကို
မယုံတာပါ
မျက်စိအောက်က
အပျောက်မခံနိုင်တွယ်တာကြပြီး
အမှားတစ်ခုကျူးလွန်ရုံနှင့်
စိတ်ကွက်သွားခဲ့တာ
အချစ်ဆိုတဲ့အရာ
................
။။။။။။။။
မာနကြီးတာမဟုတ်ရပါဘူး
တစ်သက်မှာ
တစ်ယောက်
သစ္စာစကားဆိုကြပြီးမှ
အလှအပပြုစုယုယမှုတွေနှင့်
လက်သာမှုတွေနောက်
လိုက်သွားတတ်တာ
ထိုအချစ်ပါ
.........
။။။
မာနမကြီးပါဘူးကွယ်
နှင်းဆီပန်းမှာ
ဆူးရှိမှ
တင့်တယ်သလို
ပန်းတွေနဲ့တင်စားတတ်တဲ့
မိန်းကလေးရဲ့ဘ၀မှာလည်း
လုံခြုံမှုအတွက်မာနဆူးတော့
ကာရံသင့်တာပေါ့
အချစ်ကို
မိုတယ်တစ်ခုလို
သတ်မှတ်
ပါးစပ်ဖျားက
စကားလုံးကိုဒေါ်လာနဲ့ဖုံး
လှည့်စားတတ်တဲ့သူတွေကြောင့်ပဲ
ယိမ်းယိုင်လွယ်တဲ့
နှလုံးသားတွေ
ဘယ်နှစ်စုံတောင်ပဲ့ကြွေနေကြပြီလဲ
.....................................
............................
။။။။။။။။။။။။။။။။။

ပြောင်းလဲတတ်တဲ့စိတ်ဝိညာဉ်ကြောင့်
ကိုယ့်ကိုကိုယ်တောင်မယုံရဲတာ
တစ်ပါးသူရင်ခွင်

မျက်လုံးစုံမှိတ်ဝင်ဖို့စိတ်မကူးရဲပါ
ဒီလိုနဲ့ပဲအချစ်နဲ့မထိုက်တန်သူ

ဒဏ်ခတ်ခံရသူလို့
အမျိုးမျိုးခေါ်ဝေါ်သမုတ်ကြပါစေ

ကိုယ့်အားကိုယ်ကိုးယုံကြည်ချက်စွဲကိုင်လို့
သံသရာတစ်လျှောက်ပျော်ရွှင်စွာပဲလျှောက်လှမ်းရဲတယ်

အစွန်းအထင်းမရှိအပျိုကြီးဘ၀နှင်
ပြုံးပြုံးလေးပဲလာရာလမ်းကိုပဲ ပြန်လိုက်တော့မယ်

0 comments: