ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ဒီလိုနဲ့ ............................


တစ်နှစ်ပြီးတစ်နှစ်
တစ်နေ့ပြီးတစ်နေ့ တစ်ညပြီးတစ်ည






ငါ
ဘာတွေ
 လုပ်နေမိတာလဲ
တစ်နေ့ပြီး တစ်နေ့
မနက်လင်းပြီဆို

ဘုရား
ရှိခိုး
ဖို့တော့
မေ့မေ့နေတတ်
ခလုတ်ကို အရင်စမ်း


ကမ္ဘာကြီးကိုပဲ “ချောက်” ခနဲ
 လှမ်းလှမ်းဖွင့်မိ ကော်ဖီတစ်ခွက်ကိုဘေးချ


နှပ်သားမကျတဲ့
နာရီတွေ
ကိုချည်း
မော့
သောက်နေမိ
တမေ့တမော ရယ်စရာ
 မောစရာတွေကို
စကောနဲ့ တိုက်ချရင်း


မောစရာတွေကိုချည်း စစ်ယူလိုက်မိတဲ့ လူလို
သက်ပြင်းတွေ ရင့်အို ပြိုကျလာပြီဆိုရင်တော့

ငါ . . . အဲ့ဒီခလုတ်ကို အသာပိတ်
 ငါ့ . . . အပြင်ဘက်ကို
ငါ . . .
တိတ်တဆိတ်
ထွက်ခဲ့လိုက်တယ်



ငါ ဘယ်တွေ 
သွားနေမိတာလဲ 
တစ်နေ့ပြီး တစ်နေ.့
ခြေထောက်က
 တစ်နေရာ
 စိတ်က
တစ်နေရာ
 ဦးနှောက်က
တစ်နေရာ
 နှလုံးသားက
တစ်နေရာ


တစ်
ခါ
 တစ်
ခါဆို
သေပစ်
လိုက်ဖို့ကိုပဲ
သူတို့ ခဲရာခဲဆစ်
စစ်ဖြစ်နေကြပြန်တယ်


ဒါပေမယ့်
နေကွယ်
ပြီ
ဆိုပြန်
တော့လည်း

ခြေထောက်က
 ဦး
လှည့်တဲ့
အင်တာနက်
ဆိုင်
ဆီ
ရည်ရွယ်
ချက် . . မပါ
ဦးတည်ချက်မပါ
မညီမညာ
လိုက်ပြန်ခဲ့ကြပြန်ရော




ငါ ဘာတွေ
လုပ်နေမိတာလဲ
တစ်ညပြီး တစ်ည

သတိရတတ်မှုတွေကို

 ထ
 ပိတ်
နေရလို့
မအိပ်ဖြစ်
သေးတာပါ
ဆိုရင်
 သူငယ်ချင်းတို့

ရယ်ချင်ရယ်ကြလိမ့်မပေါ့


Provicy တွေနဲ့
ကျော်ရ
လွှားရတာ
ခက်ခဲတော့

အဲ့ဒီ button က
ပျောက်ပျောက်နေတယ်


ဒါကိုတော့
 ချွင်းချက်အဖြစ်
လျှို့ဝှက်ထားလိုက်ကြစို့
ရွတ်ဆိုနေကျ
အဖွင့်
ဂါထာ
တွေကိုလည်း
မေ့လျော့
အမှောင်ထုက


 ကြိုးလျော့လျော့လာခဲ့
တစ်မိုင်တိုင်ပြီး
တစ်မိုင်တိုင်

ငါ ဘယ်တွေ
 သွားနေမိတာလဲ
တစ်ရက်ပြီး တစ်ရက်


ကိုယ့်လှေကိုယ် အလွှဲလွှဲ
 အ
မှားမှား
 စိုင်းမိရင်း
ကိုယ့်မြင်းကိုယ်
အမှားမှား အလွှဲလွှဲ ထိုးမိရင်း


ဟိုလည်း မရောက် ဒီလည်း မရောက်
ကမ်းပျောက် လမ်းပျောက် မြေပျောက်ရင်ခွင်



ပျောက်နေသူတစ်ယောက်လို
နေတွေ ၀င်လာလိုက် နေတွေ ထွက်သွားလိုက်



အမှောင် + အလင်း

လရောင်
လင်းလာလိုက်
လရောင် မှောင်သွားလိုက်
အမှောင် + အလင်း



ကြယ်တွေ
 ပွင့်လာလိုက်
 ကြယ်တွေ မှိတ်သွားလိုက်

အမှောင် + သီချင်း



အမှိုက်တွေ လှဲရင်း . . .
လှဲရင်း . . . ခရီးက  . . .  မတွင် . . .




ငါ ဘာတွေ လုပ်နေမိတာလဲ တစ်နှစ်ပြီး တစ်နှစ်
မချစ်လိုက်ဖို့ ကြိုးစားစရာမလိုပဲ 

မချစ်ကို မချစ်ဖြစ်တော့တဲ့ အချစ်စစ်စစ်တွေအကြောင်းစွန့်ပစ်လိုက်ဖို့ကြိုးစားစရာမလိုလိုက်ပါပဲ မပစ်ကို မပစ်ဖြစ်လိုက်တော့တဲ့ စွန့်ပစ်ခံ စစ်စစ်တွေအကြောင်း အစစ်ဖြစ်ဖို့ ကြိုးစားစရာ မလိုလိုက်ပါပဲ မစစ်ကို မစစ်ချင်ကြတော့တဲ့ အစစ်တရား ....စစ်စစ်တွေ အကြောင်းအဟောင်းတွေနဲ့ချည်း ကျင်လည် ကျက်စားနေခဲ့တစ်သက္ကရာဇ်ပြီး    . . .    တစ်သက္ကရာဇ် တစ်နှစ်ပြီး    . . .    တစ်နှစ် ငါ ဘာလို့ ရပ်နေမိပြန်တာလဲ . . . တစ်နှစ်ပြီး တစ်နှစ်

0 comments: