ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

မျက်မမြင်






အတိတ်ဆိုတာဘယ်ခါဖတ်ဖတ်
မရိုးနိုင်တဲ့ဝတ္ထုတစ်ပုဒ်လား

ဒင်္ဂါးသံမမြည်တဲ့နှလုံးသားကို
ဓာတ်ခွဲခန်းပို့လည်းမထူးတော့ပါဘူး

ကိုယ့်ထောင်ချောက်
ကိုယ် ........ တက်နင်းနေရတဲ့


ကဗျာဆရာဘ၀ဟာ
အ၀တ်အထည်တွေအတွက်
ဘ၀ကိုစတေးထားရတဲ့ပရုတ်လုံးလေးပါကွယ်

စက္ကူစွန်လေးကို
ကောင်းကင်ပေါ်ပစ်တင်ခဲ့ဖူးတဲ့
ရင်ငွေ့လှုံဘ၀ဟောင်းလေး
အပေါင်ဆုံးသွားခဲ့တာ
ကြာခဲ့ပါပြီ
သွေးဆာနေတဲ့
အလွမ်းတွေလည်း


ဆယ်သွယ်မှုဧရိယာ
ပြင်ပရောက်ရောက်နေတယ်

အချစ်ကညှစ်ပြီးသားသွားတိုက်ဆေးလို
ဗူးထဲပြန်သွင်းလို့မရတော့ဘူးလား

ရနံ့နဲ့မြူဆွယ်တေးမှာလိပ်ပြာတွေကြောင့်
ပန်းပွင့်လေးတွေအတုန်းအရုံး
လှုပ်ခါချခံလိုက်ရတဲ့
သံယောဇဉ်

သီးကင်းလေးများလည်း
မြေပြင်ပေါ်မှာ ခါး သက် သက်
နေ့အလင်း . . . နေမင်း . . . ညအလင်း . . . လမင်း

0 comments: