စွဲမက်ဖွယ်ရာ ဆင်ခြင်တုံတရားမဲ့
အရမ်းကာရော သင်ခန်းစာတွေကြားမှာ
သက်သေပြစရာမရှိတဲ့ ခေါင်းကိုက်ရောဂါလို
တစ်ယောက်ကို တစ်ယောက်
နားလည်နေကြတာ ထူးဆန်းတယ်
ငါ့မှာတော့ . . .
ယတိပြတ် အဖြေ . . .
မရှိတာတွေနဲ့ ပွက်လောရိုက်
ခလုတ်တိုက်လိုတိုက် လူမုန်းခံလိုက်
တော်တော် ညည်းညူတတ်တဲ့ . . . . . လူ
တော်တော် လှည့်စားတဲ့ သူတော်စင်ကြီး . . . . .
ညစ်ပတ်တဲ့ ကိုယ်ကျိုးစွန့် သူကြီး
အကြေးခွံများ စွန့်ပစ်စရာ တစ်နေရာ
ငယ်သွား လဲစရာ တစ်နေရာ
အသက်ရှူပုံ မ၀တစ်ဝနဲ့
ပင်ပမ်းလာတဲ့အခါ
စရိုက်ခပ်ညံ့ညံ့နဲ့
လိမ်တတ် ညာတတ်အောင်
ငါ့ကို သင်ပေးကြစမ်းပါဟာ . . . ။
အရှေ့က ထွက်တဲ့နေ
အနောက်ကို . . . . . . . . .
ရိုးရိုးလေးပဲ . . . . . . . ၀င်သွား
မနေ့ကလည်း . . . . . . . . ဒီလိုပါပဲ
ဒီနေ့လည်း . . . . . . . . . . . . . ဒီလိုပါပဲ
မနက်ဖြန်လည်း . . . . . . . . . ဒီလိုပဲ နေဦးမှာ
သင်ပုန်းကြီး ဖတ်စာမှသည်
ပါမောက္ခလက်ထဲက
နောက်ဆုံး ဖတ်စာအထိ
တစ်တောလုံးကိုလည်း မြင်ခဲ့ပြီးပြီ
တစ်ပင်ချင်းကိုလည်း သိခဲ့ပြီးပြီ
အိပ်ရာထဲ လှဲချ ကျောဆန့်ပြီးမှ
ခါးထောက်ပြီး အမျိုးမျိုး
ပြောတတ်လွန်းတဲ့
လူတစ်ချို့ကို
ကြည့်မိပြန်တယ်
ခု ၀င်နေတဲ့ အသိစိတ်နဲ့
လောကကို မင်းသမီးကြီး
ခင်စိုးပိုင် ရီ ( ရယ် ) သလို
မခိုးမခန့်နဲ့ ငါ ဖွဲ့နွဲ့ဖို့လိုက်ရှာနေတာ
0 comments:
Post a Comment