ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ရင်ခွင်ဝေးတဲ့ညနေ






ပကာသန မဆန်တဲ့
ရင်ခုန်သံအိပ်မက်မှာငိုသံပါတယ်

လမ်းခွဲဖို့
အားမရှိသလို
ပေါင်းစပ်ဖို့ အင်အားမရှိ

အလွမ်းတွေစီးတဲ့မြစ်ပေါ့
(ဟုတ်တယ် ... အခုစီးနေတယ်)

မုသားဆန်ဆန်ပြောရရင်
အခြေအနေမတူတဲ့ .. ဘဝ

ငါ့ ရင်တွေ
မီးမြိုက်မြိုက်လောင်

အဲ့ဒီနေ့ တောင်စွယ်မှာ မိုးညိုတယ်
ဟုတ်တယ် မိုးတွေကို မှိုင်းလို့

ရက်ဆက်တဲ့ အလွမ်း
ရင်ဘက်ကြမ်းတောင်
 မျက်ရည်စို့တယ်
ခေါ်သံတွေဝေး
နှလုံးသား
တစ်ခု
ကြွေတာ
ဈာပနလိုလား
ဟုတ်တယ် ပို့သူ မဲ့လို့

နေ့စွဲ တွေ ပြိုင်းပြိုင်းကျိုး ရင်ခွင်ဝေးတဲ့ ညနေ

0 comments: