ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

လူဆိုတာ ဘယ်သူလဲ ( ၁ )


http://www.rachelgreen.com/ClipArt/clip_art_backs_of_women_web.jpg


ရင်ထဲမှာ ဘာမှမရှိဘူး

(ဒါပေမယ့်) ---

တခုခု ရှိနေတယ်ဆိုတဲ့ အသိက ရှိတယ်

အဲ့ဒီ ရှိခြင်းဟာ

မရှိခြင်းက လာတယ် ဆိုတဲ့

အသိတရားတချို့ လည်း ရှိတယ်

လူဟာ . . .
 
လူတောထဲ ၀င်ဆန့် ဖို့ 

ရိုးသားမှု အရေခွံတွေ

ခွာပစ်ဖို့ လိုတယ်

အပေါ်ယံ သကြားဖြူးထားတဲ့

လူမူရေးပညာ တတ်မြောက်ရမယ်

ယုန်သူငယ် နားစေးတဲ့နည်း သိဖို့ လိုတယ်

ဘောလီဘောလည်း ပုတ်တတ်ရမယ်။

ဘက်စကက်ဘောလည်း ပင့်တင်တတ်ရမယ်။

ဘ၀အတွက်--- ကျားကွက်ရွေ့ တတ်ရမယ်။

ဝင်္ကပါလို ကွေ့ ကောက်နေရင်တော့ အလှဆုံးပေါ့

အဲ့ဒီတော့ကွယ်---ကိုယ့်ရဲ့သိခြင်းနဲ့ ရှိခြင်းတွေအတွက်

ကိုယ့်လိပ်ပြာကိုယ် အားနာမိတယ်

တကယ်တော့ ဘ၀ဆိုတာ

အနိမ့် အမြင့် မညီမျှတဲ့ 

တောင်တန်းပြာလို အလှမျိုးနဲ့  လှနေခဲ့တာလေ

0 comments: