ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ကျွန်မရဲ့ ပစ္စက္ခ








နယ်လွန်နေတဲ့ လက်ကိုင်ဖုန်းဟာ
အပေါင်ဆုံး လက်မှတ် တစ်စောင် ဆိုရင်

လက်ပတ်နာရီ တစ်လုံးက
ဖြစ်တည်မှုကို မချိန်ဆနိုင်တော့ဘူး

“ ပီတာဆို ” ကနေ “ ဇွန်စီ ” အထိ
ဖိအားကို အနုပညာနဲ့ ဖော့ခဲ့သလား

ကမ္ဘာ့ အရင်း အမြစ်တွေ ကိုတော့

ကြွပ်ကြွပ် အိတ်တွေ ၀ါးသွားပြီ
တိမ်တွေပေါ် လွတ်ရာ

လွတ်ကြောင်း စိတ်ကူးများက
ငါးမရလို့ ရေချိုးအပြန် အသံသာ ကြားပြီး


မမြင်ရတဲ့ ဇာတ်လမ်းမှာ
အသက် ဓာတ်ဆိုတာ အကန့်အသတ်နဲ့

0 comments: