ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

နှလုံးသားနှင့် မြင်ခြင်း


ချစ်သူ ကျွန်မရဲ့
မျက်ဝန်းအိမ်ထဲကိုကြည့်ရင်

ချစ်ခြင်းတွေပြည့်နေတာ မြင်ရလိမ့်မယ်

ချစ်သူ ကျွန်မရဲ့
နားထဲမှာလည်း ချစ်သူရဲ့
ချစ်တယ်ဆိုတဲ့အသံတွေပဲ
ပျော်ဝင်နေတတ်တယ်

ချစ်သူကျွန်မရဲ့
နှုတ်ခမ်းတွေလည်း ချစ်သူရဲ့

အကြင်နာတွေကြောင့် အမြဲပြုံးနေမိတယ်

ချစ်တယ်ပြောလိုက်တိုင်း
ရဲသွားတတ်တဲ့ ပါးတွေအတွက်တော့

ချစ်သူ ကျေးဇူးနဲ့ ပါးနီ ချယ်စရာ မလိုတော့ဘူးလေ

ကျွန်မရဲ့
ဦးနှောက်ထဲမှာတော့
ဘာတခုမှ ၀င်လာလို့မရအောင်

တားဆီးထားနိုင်တဲ့
မင်းကို မင်း အံ့သြစွာတွေ့ရလိမ့်မယ်

ကျွန်မ နှလုံးသားတွေကရော ဘာပြောကြမယ်ထင်လည်း

ချစ်လွန်းလို့ ဆွံ့အနေကြမလားမသိ
ကဲ . . . ချစ်သူ ကျွန်မကို နှလုံးသားနဲ့ မြင်နိုင်ပြီနော်

0 comments: