ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

စိတ် ရှိသူများ . . . သို့




Фотоманипуляции Jeannette Woitzik (Интернет-журнал ETODAY)





စိတ် မညစ်ကြနဲ့နော်
စိတ် ခိုင်ပါတယ် ဆိုပြီးတော့
စိတ် လိုက်မာန်ပါ မလုပ်လိုက်ပါနဲ့

စိတ် သွားတိုင်းကိုယ်မပါဘူး
စိတ် ထောင်းရင်သာ ကိုယ်ကျေသတဲ့

စိတ် ပူစရာတွေ

စိတ် အေးအေးထား
စိတ် ဓာတ် မကျသွားအောင်သာ
စိတ် ထိန်းပါ ချစ်သူငယ်ချင်းတို့ရယ်နော်

စိတ် မချစရာတွေ တွေးပြီး
စိတ် အားငယ်နေမယ့် အစား
စိတ် ချမ်းသာအောင်သာ နေသွားစမ်းပါ

စိတ် ကူးထားတာတွေ
စိတ် ပြောင်းသွားပြီလား

စိတ် လျှော့လိုက်တော့မလား
စိတ် ကစားတယ်
. . . . .  ဆိုတဲ့
စကား. . .
 ကြားဖူးမှာပေါ့

စိတ် တိုစရာတွေ တွေး
စိတ် လေးလေးနဲ့
စိတ် ဆိုးမယ့်
. . . . . အစား

စိတ် ရှည်ရှည်ထား
စိတ် ပေါ့သွားအောင်

စိတ် ကောင်းကောင်းသာ
မွေး လိုက် ပါ တော့  . . . . . . .

စိတ် ကြီးဝင်ပြီး . . . စိတ် ရူးပေါက်
စိတ် ထင်တာတွေ . . .
. . .  လျှောက်လုပ်တော့
စိတ်  . . . . .  လေ သွား မှာ ပေါ့

စိတ် ရိုင်းနဲ့ စိတ် ပုပ်တွေကို
ရှောင်ရှားပြီး စိတ်တိုင်းကျတဲ့

ဘ၀လေးထဲမှာ
စိတ္တဇသမား
မဖြစ်အောင်သာ ကြိုးစား

စိတ် ကျရောဂါနဲ့
သေသွားသူတွေထဲ ပါ မသွားပါစေနဲ့

0 comments: