လူ . . . ဖြစ်ခဲ့ရတာ
လိုချင်တာတွေ များလွန်းလှတယ်
မတင်းတိမ်ဘူးတော့လည်း မဟုတ်ရပါဘူး
ရသလောက်နဲ့ ငါ
ပျော်အောင် နေခဲ့တာ
စူပါ မားကက်ကြီး အသိပါပဲ
နေရောင်
ဝင်းလက်
တောက်ပတာ
မိုးစက် မိုးပေါက်
ဖြောက်ဖြောက်ကျတာ
နှင်း ဖွဲ့ဖွဲ့ နွဲ့နွဲ့ ပြာရီတာမှာ
အဟောင်းတွေ ကြွေ
အသစ်တွေ ဝေတာမှာ
ငါ ပျော်ခဲ့ လွမ်းခဲ့တာ
ဝါ ရင့် နေ ပြီ
ငါတို့မှာ ရှိတဲ့
ငွေစ ကြေးစ နဲ့ပဲ
ငယ် သူငယ်ချင်း တွေ
နှစ်ပေါင်း များစွာ ခုချိန်ထိ
ပြန်ဆုံတိုင်းစကားပြောလို့ကော
“ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ” . . . လို့
အပြုံးမပျက်
မင်းလည်းပြော
ငါလည်း
ပြော
လူတိုင်း လိုလို
ပြောတတ်ကြတာ စဉ်းစားပြီး
အပြုံး မပျက်ကြတာကို ပြုံးမိတယ်
ငါ ပျော်ခဲ့တယ်လို့ ပြောခဲ့သလား
အင်း . . . ငါ ပျော်ခဲ့တယ်လို့
ပြောတော့
ပြောခဲ့ပါတယ်
( မဟုတ်သေးပါဘူး . . . တစ်ဘ၀စာပြောရရင် )
သံမဏိရဲ့ ပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်ခဲ့ပါတယ်
0 comments:
Post a Comment