ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ခေါင်းစည်း






ဘာသာပြန်အမှား
ဖယောင်းမဟုတ်တဲ့ ဘ၀ကို
မီးညွန့်ကြားထဲမှာ ဆူးဆောက်ဒဏ်ရာတွေ ပေးခဲ့မိတယ်

မှောင်နေတဲ့ အရင်းရှင်မှိုင်းထဲမှာ

ပြောင်လက်နေတဲ့
 ကြေးချိန်ခွင်က လမ်းမှားရဲ့ နိဒါန်း

ကံပစ်ချရာ အစွန်က ဗလာ
“ လှိုင်းဂယက်တစ်ခုလောက် ကြုံခဲ့ရင် ”

အစဉ်အလာရှိတဲ့ နင်းပြားဘ၀မှာ
ဖြေရှင်းချက် အတွက် လက်ညှိုးဖြတ်ထားလိုက်

ပတ်ဝန်းကျင်မှာ ၀တ်မှုန်ချိုတဲ့ ရာသီ
မသမာဥာဉ်နဲ့ ပျိုမြစ်တဲ့
ပန်းသီးပင်ကို
“အဆိပ်”လို့
စွပ်စွဲရင်
ခေတ်ရဲ့ ပြယုဂ်လို့မှတ်

ဖုံတက်နေတဲ့
သညာနဲ့
ပါဝင်ဖြတ်ခံထားရတဲ့
ဦးနှောက်တွေ ပေါင်းလိုက်ရင်
 သမိုင်းဝင် အဟောင်းထုပ်ကြီး ဖြစ်နိုင်ရဲ့

တိမ်ပုပ်အောက်က
လရောင်ကို မမျှော်ချင်ဘူး
ဆီမီးတစ်ဆောင်အတွက်ဆိုရင်
ချွေးတစ်ခွက်နဲ့ ဆီ တစ်စက် လဲမယ်

ခေတ်ကို သံကြိုးတုပ် ဘ၀ကို မေ့ဆေး ထိုးပြီး
လက်တစ်လုံးကြား သီအိုရီတွေနဲ့

“ ငါ ”တစ်လုံးပဲ သင်ဖူးသူတွေ
ထွန်းကားချိန်မှာ

အမှန်တရား ဆိုတာ
“ မှင်စွန်းရာနဲ့ အမှိုက်ပုံးထဲမှာ ”

ခေတ်ပြိုင်တွေ မှင်တက်ရတဲ့ တင်ဆက်မှု

ကြိုးဆွဲကောင်းတဲ့ ဖိုးသူတော်ရဲ့
မော်ဒန် ကျွန် ဇာတ်လမ်း

ဘာပဲပြောပြော
မှော်ဆန်ဆန် အနုပညာတွေနဲ့
“ ညဥ့်နက်လေ . . . ဇာတ် . . . တက်လေ ” ပဲ

မပြီးသေးဘူး
ဘ၀တစ်လျှောက်
နှလုံးသွေးကို
ငါ့ . . .
လက်နဲ့
. . . ခံပြီး . . .

ကိုယ်တိုင် သွန်းတဲ့ ငါ့ရဲ့ ပုံတူ
အောက်ခြေခံတုံး ခေါင်းစည်းနေရာမှာ
အက္ခရာနဲ့ သင်္ကေတတွေ မဲ့လို့ ဟာလာ ဟင်းလင်း ရှိနေတုန်း

0 comments: