ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

မတောက်တစ်ခေါက် အလွမ်းများ




မှတ်မထားဘူး . . . ဒါပေမယ့် မှတ်မိနေတယ်
မိုးမှုန်တွေတုန်ခါဝေ့၀ိုက်ကျနေတဲ့ ခတ္တာတို့ရဲနေ့တနေ့မှာ
အိမ်မက်ဆန်ဆန် ပြတ်သားသွားခဲ့တဲ့ ချစ်သူတယောက်အကြောင်း
" ဟိုးတုန်းကပေါ့ " လို့ ခေါင်းစဉ်တပ်ပြီး ပြောရလောက်အောင်တော့ မကြာသေးဘူး

(နေမထိထိုင်မသာ Valentine's Day နှစ်ခါရှိပြီ...)
` .......................

ထွက်သွားချင်သူကို
"နေပါဦး " ဆိုတဲ့စကားနဲ့ ခရီးမဖင့်စေချင်လို့

လက်ပြ နှုတ်ဆက်လိုက်တာ
လိုက်လျောခြင်း ၀ိသေသ မဟုတ်တာ သိစေချင်တယ်
ငါ ခုနှစ်စင်ကြယ် အမြီးတန်းတဲ့ အချိန်ထိ အိပ်မပျော်ဘူး
......................

မင်း...အဆင်ပြေပါစေ...

မင်း...ပျော်ရွှင်ပါစေ.....

အိမ်မက်ခါးခါးတွေကို
ဘုရားတင်ပြီး ငါညတိုင်းဆုတောင်းတယ်
သတိတရနဲ့ .. တ... သ .. ပြီး
လွမ်းနေရလောက်အောင်လည်း ငါတို့အတိတ်ကမလှခဲ့ပါဘူး
အဲဒါမျိုးကို
ပြန်လွမ်းရတာကိုက
တခါတခါ အသက်ရှုချောင်စရာ.

............................

မင်းရဲ့စကားတစ်ခွန်းကို
ထိုင်နားထောင်နေရုံလေးပဲ ငါကအသုံးကျခဲ့တာ

မင်းမကြည်ဖြူခဲ့တဲ့
တားမြစ်စကားတစ်ချို့အတွက် ငါ...နောင်တမရဘူး

ရှိကောင်းရှိခဲ့မှာပေါ့ ...(အမှားတွေ...)
သေချာတာ မင်းကိုတော့မျက်နှာမငယ်စေခဲ့ဘူး
ဘောပင်တချောင်း စာအုပ်တစ်အုပ် မြေနီလမ်းလေး
နောက်ပြီး...ထမင်းကြော်နဲ့ထောပတ်သီးဖျော်ရည်
အားလုံးအားလုံးကို "သတိရခြင်း " ဆိုတဲ့ကလစ်နဲ့တွဲချုပ်ပြီး

ရင်ဘတ်ထဲမှာထည့်ထားတယ်...(အချိန်ရတိုင်း ပြန်လွမ်းလို့ရအောင်ပေါ့..)

.......................

ငါကိုက ဥာဏ်နည်းခဲ့တာလား
မင်း လက်ချောင်းလေးတွေနဲ့ ဖုံးအုပ်ထားတဲ့
ဖုန်းမမ်မိုရီထဲက နာမည်တလုံးအကြောင်း ငါ ယိုးမယ်ဖွဲ့မမေးမိဘူး

(နောက်တော့မှသိရတာ အဲဒီနာမည်လေးက
တစ်ဝမ်းကွဲညီမဆိုတဲ့ ဘောင်အပြင်ကိုရောက်နေတယ်)

ဒီအတိုင်း သတ်လည်းသေပါတယ်
မျှော်လင့်ချက်တွေကို ချကျွေးပြီး နှလုံးသားကို
အာဟာရချို့တဲ့စေတဲ့ အထူးပြုလုပ်ချက်တွေမလိုပါဘူး

.........................

ရိုးရိုးလေးပဲကွဲသွားတယ်.. ဖန်ခွက်တလုံးလို
"ခလွမ်း"ခနဲမမြည်လို့ ငါသတိမထားမိဘူး
အခုချိန်ထိ နင့်အကြောင်းတွေးပြီး ပျော်တုန်း မော်တုန်း

.......................

အသက်နဲ့ကိုယ်အိုးစားမကွဲရုံလေး
ငါ့ရှင်သန်ခြင်းကိုကြည့် ရုပ်ပျက်ဆင်းပျက်
အသက်ရှူသံတွေနဲ့ ကယောင်ခြောက်ချား နေ့တွေချည်း

....................

ကွဲကြေခဲ့တဲ့ရင်ကို မမြင်ချင်ယောင်ဆောင်ခဲ့တာလား
အရူးမီးဝိုင်းတဲ့ ညတွေ အိမ်မက်တောင်မက်ခွင့်မရခဲ့
သူ့အချစ်က နပိုလီယံစစ်တိုက်သလို
လိုချင်တာ ထပ်ရဖို့ အရက်ထပ်ငှဲ့ပေးတဲ့လက်တွေလို
ကလေးလေးကို ဖြူစင်ပြီး လူကြီးဆန်စွာ သွေးအေးလွန်းတယ်

......................

မင်းဘယ်မှာလဲလို့ လူတွေလာမေးရင်
ငါဖြေစရာ စကားမရှိသေးဘူး
မင်းစိတ်ရှိတိုင်း ရိုက်ချိုးခဲ့ပြီးနောက်
အရှက်တွေကြားမှာ ငါလေ ငါ့အသက်ငွေ့ငွေ့လေးပဲကျန်တယ်

0 comments: