အရာ . . . ခပ်သိမ်းကို
ကဗျာဓာတ်ကိန်းဖို့ (အလုပ်)ဟာ
မိုးချုပ်ချင် ချုပ်မယ်
ခလုတ်တိုက်ချင် တိုက်မယ်
လမိုက်ရက်မျိုး
ငှက်ဆိုးထိုးချင်ထိုးမယ်
ညှိုးငယ်နေသလား သူငယ်ချင်းရယ်
ခေါဘဏီ ဖွဲ့ပါလို့
လောကရဲ့ စားကျက်မြေတစ်ဝန်းမှာ
ရမ္မက်တွေ ပေစွန်းနေကြတယ်
မနုဿ တစ်ချို့ကား
ရုပ်ကို ဘုံဖျားမှာ
လွှားပါလို့
စိတ်ကို
ချုံကြားမှာထားခဲ့ကာ
ဥုံ . . . ဂါထာကို ပျားပန်းခတ်မျှ
မနားတမ်း ရွတ်ဖတ်နေကြတယ်
လောက
အင်္လကာ
တသုန်သုန်မှာ
မောဟ ၀င်္ကပါ အဖုံဖုံထက်
မနောအလှ မင်္ဂလာ ဂုဏ်သာလျှင်
ဥုံ . . . မပါတဲ့
ဂါထာတစ်ပုဒ်ပါ သူငယ်ချင်းရယ်
0 comments:
Post a Comment