ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

သံယောဇဉ်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ ၀ိသေသ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ကောင်းကင်ရဲ့တိမ်မျှင်တိမ်စ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ

သံယောဇဉ်တိုတာ ဖြတ်ဖို့ခက်တဲ့ စွန်တစ်ခုရဲ့ ရစ်ဘီး
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ အိမ်တစ်လုံးရဲ့ အမိုးအကာ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဦးခေါင်းတစ်လုံးရဲ့ ဆံချည်ဆံထွေး

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ မိသားစုရဲ့နိဗ္ဗာန်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ တောတောင်တစ်ခုရဲ့စိမ်းလန်းရာ

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဟေမာန်ဦးရဲ့ နှင်းရည်နှင်းစက်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဂိမာန်နွေရဲ့ ရွက်ဝါတော

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ၀ဿာန်ဥတုရဲ့ မိုးစက်မိုးပွင့်
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ချစ်ခြင်းရဲ့ နှလုံးသားရပ်ဝန်း

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ အမှားပုဒ်စာရဲ့ နောင်တ တရား
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ဥပေက္ခာရဲ့ အမိုက်အမှောင်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ နားလည်ခြင်း ၀တ်မှုရဲ့ဇာတိ
သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်

သံယောဇဉ်ဆိုတာ ဖြတ်ဖို့ခက်တဲ့ သေခြင်းတရားရဲ့ဆန့်ကျင်ဘက်
သံယောဇဉ်ဆိုတာ ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့ တသီးတခြား ပစ္စုပ္ပန်ဘဝ

သံယောဇဉ်ဆိုတာ အနာဂတ်ရဲ့ အိပ်မက်တစ်ခုမှ
သံယောဇဉ်ဆိုတာ သူငယ်ချင်းတွေကို ချစ်ခင်တတ်သူတစ်ယောက်ပါ

သံ ယော ဇဉ် ဆို တာ
ငါ အ ကြောက် လန့် ဆုံး တ စ္ဆေ တစ် ကောင် ပေါ့

0 comments: