ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ခံယူချက်

http://www.dimensionsguide.com/wp-content/uploads/2010/01/Mirror.jpg


ကိုယ့်မျက်နှာ
ကိုယ် ပြန်ကြည့်ဖို့
မှန်တစ်ချပ်ရှိဖို့လိုအပ်တယ်
တစ်ခါတစ်ခါကိုယ့်မျက်နှာစွန်းထင်း
ကိုယ့်မြင်ကွင်း မရှိ သူများ သတိပေးမှ
မျက်နှာ ထထ သစ်ရင် မဖြစ်ချေဘူး တကယ်
ဒါကြောင့် မှန်တစ်ချပ်ရှိဖို့ တကယ်လိုအပ်ပေါ့
ဒါပေမယ့် မျက်နှာက အမည်းစက်
ဖျက်ရတာ လွယ်လွယ်
သူများပဲမြင်မြင်
သူများပဲ
ပြောပြော
သဘောရိုးစင်း
ချက်ချင်းဖျက်ချက်ချင်းဖျောက်
ရင်ထဲစွန်းကွက် ရင်ထဲကအမည်းစက်တွေတော့
သူများလည်း မသိ သူများလည်း မမြင်
သူများလည်းမပြောကိုယ့်စိတ်ကိုပြင်
ကိုယ့်ကိုကိုယ် ဆင်ခြင်မှုနဲ့
ကုစားဖျောက်မှ
ပျောက်မှာပနော်
ဒါကြောင့်
မှန်တစ်ချပ်ရဖို့
အရေး
ဈေး
မသွား
တော့ဘူး
ကိုယ့် ရင် ကိုယ် တူး ဆ
ကိုယ့် ဓ မ္မ ကိုယ် ဆင် ခြင်
လွတ် ချင် တဲ့ စိတ် ပြေး
ယဉ် ကျေး အောင် ဆုံး မ
မင်းတုတ်ချတံခါးပိတ်
ကိုယ့်စိတ်ကိုယဉ်ကျေးအောင်
တွေးတွေးဆဆ အေးအေးမြမြရှိဖို့
သတိနဲ့ ဆင်ခြင်ရှူ့
ကိုယ့်ဘ၀ ကိုယ်ပြုပြင်မှ
သဘာဝလည်း ကျ လှ လည်း လှ
ခန့် လည်း ခန့် သန့်သန့်ရှင်းရှင်း ဖြစ်မှာပနော်

0 comments: