ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

အိမ်ပြန်ချိန်








နှုတ်ဆက်ချင်လည်းရတယ်
နှုတ်မဆက်ချင်လည်းရတယ်
ယူသွားလို့ရတာရှိတယ်( အနည်း )
ယူသွားလို့မရတာရှိတယ်( အများ )
တံခါးခေါက်တဲ့အချိန်အသင့်ဖြစ်ဖို့
ကျွန်မ ... မိတ်ဆွေ သူငယ်ချင်းတို့
လိုအပ်တာတွေ ရှာရမယ်
မလိုအပ်တာတွေ ပယ်ရမယ်
နည်းနည်းတော့ သတ္တိရှိဖို့လိုတယ်
အချိန်မတိုင်ခင် တံခါးလာမခေါက်မိစေဖို့
မိဘရဲ့မျက်နှာကိုကြည့်ရမယ်
ညီမလေးရဲ့မျက်နှာကို ကြည့်ရမယ်
ကိုယ့်မျက်နှာကိုယ်
 ပြန်ကြည့်သင့်ရင်ကြည့်ရမယ်

ဒါ . . . သမိုင်းဝင်ဖို့
ပြောနေတာမဟုတ်ဘူး
သက်လုံကောင်းဖို့ ရက်မခြားဘဲ
အပြေးလေ့ကျင့်ဖို့ ပြောတာ
စောစောပြေးမှမောရင်နားလို့ရမှာ မဟုတ်လား

ဝမ်းနည်းဖို့ မလိုပါဘူး
ကိုယ့်လမ်းကိုယ်သွားရမှာပဲ
ဖေဖေနဲ့မေမေ
ကျွန်မကို
လိုက်မပို့
ရရင်ဘဲ
လုံလောက်ပြီ
ကဲ . . . ကား ဘီး စ လှိမ့် နေ ပြီ

အသင့်ဖြစ်တဲ့သူတွေ
ထိုင်ခုံမှာ ငြိမ့်ငြိမ့်ကလေး ပါသွားကြပြီ
အသင့်မဖြစ်သေးတဲ့သူတွေလည်း
နောက်မှာတွယ်ပြီး ပါသွားကြပြီ
ကျွန်မ ( ဆရာလုပ်ပြီး )
 အော်ကြီးဟစ်ကျယ်
ပြောနေတာ မဟုတ်ရပါဘူး
သတိမမေ့ဖို့ . . .
ပြန်စဉ်းစားကြည့်ပါဦး
ကျွန်မ ... မိတ်ဆွေတို့
အိမ်ပြန်ဖို့ အချိန်
ဘယ် လောက် ကျန် သေး လဲ

0 comments: