ရေသောက်မြစ်ဆိုတာ
ရေအောက်က
တစ်ဆင့်
တက်လာခဲ့ရင်
ငယ်သူရဲ့
ချစ်ခြင်းဆိုတာ
အမှန်တကယ် ရှိခဲ့တာပါ
ကြည်လင်တဲ့
အပြုံးနုနုနဲ့
နှလုံးသားရဲ့
လျှို့ဝှက်ခြင်းတွေကို
ဘယ်သူမှ မတွေ့ မမြင်အောင်
ဖုံးကွယ် သိုသိပ်ခဲ့ပါတယ်
တစ်ခါမှ
မဖြစ်တည်ဘူးတဲ့
ရင်ခုန်လှုပ်ရှားခြင်းတွေနဲ့
အနက်ရှိုင်းဆုံးတစ်နေရာထိ
မျက်စိမှိတ်ချစ်ခဲ့တယ်
ဆုံတည်းခြင်း ဆိုတာ
ဘယ်နေရာမှာလဲ . . . လို့
မသိနိုင်ခဲ့ပေမယ့်
စမ်းတ၀ါးမျှော်လင့်ခြင်းတွေနဲ့
အရူးအမူး မြိုသိပ်ရင်းနဲ့ပေါ့
မင်း ငါ့ကို ခွဲထားခဲ့တဲ့
အချိန်က စလို့
ငါ.... လေ
ခု ထိ အ ဆုံး မဲ့
လွမ်း နာ ကျ နေ ခဲ့ တာ လေ
0 comments:
Post a Comment