ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ဘယ်သူ့ကြောင့်မှမဟုတ်ဘူး





ရွှေထီးဆောင်းခဲ့တာလည်း မလွမ်းဘူး

မြှောက်ပြီးပေါင်းတာလည်း ငါမကြိုက်ဘူး

စကားလုံးတွေ နဖားကြိုးထိုး အတိုင်အဖောက်ညီဖို့

စည်းဝါးရိုက်တိုင်း ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

မိုးခေါင်တာ လွန်ဆွဲဖို့မလိုဘူး

တောကြောင် လက်ခမောင်းခတ်တာလည်း မနာလိုမဖြစ်ဘူး

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ

တက်ကိုင်ပြီးလှေမှောက်တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

လေးဖြူ ရှိုးပြန်ဆိုတာ မင်းကြောင့်မဟုတ်သလို

ချိုးကူတာလောက်နဲ့လည်း ငါမလွမ်းဘူး

လွမ်းရေးထက် ၀မ်းရေးခက်လို့ ပုစဉ်းရင်ကွဲအော်တိုင်း

နေမပူတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

ကြွက်မနိုင်လို့ ကျီမီးရှို့ဖို့မရဲဘူး

ဆရာကြည်နိုင် အိမ်မိုးတဲ့နေ့ ကို ငါမသိလိုက်ဘူး

ပုတီးစိတ်တုန်း ခေါင်းခေါက်ပြီး ထိုင်ကန်တော့

ထိုင်ကန်တော့ပြီး ခေါင်းခေါက်တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

ခရီးတွင်လို့ ရွာစဉ်မသိတာ ငါ မဟုတ်ဘူး

ဘူးသီးသီးမှ အရီးတော်တာလည်း ငါ လျှောက်မပြောဘူး

ပြောပါများတဲ့ ပါးစပ်ပေါက် ပလက်ပေါက်

ဆင်စရာမလိုဘဲ လင်းတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

ဆရာဝေမင်းညို အတွဲအစပ် ကောင်းတာ စံပယ်ဖြူလို့လား

ငါမကောင်းတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

လက်မ မကောင်း လက်မ ခြေမ မကောင်း ခြေမ၊

ငါ့အသည်းယားလို့ ငါအတွဲများတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

အိုဘားမားက ဥယျာဉ်မှူးကို မသိဘူး

ငါက မီးလာရင် အိမ်မှာမရှိဘူး

မင်းကလည်း အိုဘားမား မဟုတ်သလို

ငါကလည်း ဟီလာရီ မဟုတ်လို့

 မဲဆွယ် မဲခွဲစရာ မလိုတာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

နတ်လူမုန်းကို ကဗျာတွေက မလုပ်ကြံဘူး

အင်ဒီဝါးဟိုးရဲ့ ကိုကာကိုလာတွေ ငါ မသောက်မိဘူး

ဇာတိ ကစ သင်္ချီုင်း အဆုံး စပ်ပါများတဲ့ ဒီကဗျာတွေ

အယုတ်၊ အလတ်၊ အမြတ် မရွေးတာ

ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

  အနတ္တအနော်မာ ၀တာ

 မင်းမှုထမ်း လို့ မဟုတ်သလို

ရွှေသခင်မလေး လှတာလည်း ငါ့ကြောင့် မဟုတ်ဘူး

မိဿမင်းသမီးနဲ့ တော်ဝင်နန်း

 မင်းမှုမထမ်း ကိုယ့်ထမင်း ကိုယ်စား

 xxxx ၀တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

၁၃ ကျပ်နဲ့ မောင်နှင်းပန် ရေနံချောင်းက ပြန်မလာတော့ဘူး

ကိုကိုသုစံ လည်း သူ့အိမ်ကို ဆယ်နာရီနဲ့ ပြန်မရောက်ဘူး

ကျပ် ပြား စကား ငါ့နားခါးလို့ အရောင်နဲ့ပြောမှ

ဂုဏ်တင့်တာလည်း ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

မြန်မာကားတွေ လူမကြည့်တာ ငါ့ကြောင့်မဟုတ်ဘူး

တွမ်ခရု ကို ခဏခဏကြည့်တာ ငါ့မှာအပြစ်မရှိဘူး

အိမ်တိုင်း ရုပ်ရှင်ရုံ လူစုံစုံ ရုံဘုံပျောက်လည်း

မဆန်းတော့တာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး

ရိုးရိုးကျင့်ပြီး မြင့်မြင့်မကြံလည်းနေပါ

အသံမထွက်ဘဲ အလုပ်လုပ်ကြစမ်းပါ

အသံတိတ် တစ်ခေတ်စားလို့ Sign Languageပဲ ငါ

သုံးတော့မှာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး


  တော်ဝင်နန်း + မိဿမင်းသမီး

0 comments: