ပြောလက်စ စကားတွေမကုန်ခင်
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင်တို့တွေ ဝေးဝေးသွား…။
အားငယ်နေတဲ့အခါ ဒို့တွေပြောခဲ့ကြတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။မင်းလေးရဲ့ ဘေးမှာငါ ...မရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။
ချစ်သူရယ်
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။
ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချ သ၍
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။
မင်းနဲ့ငါ က
ခဏလေးဝေးတာပါ
မင်းရင်မှာ ကောင်လေးဆိုတဲ့ငါရှိနေသလို
ငါရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
မင်းလေးရှိနေရဲ့လေ။
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ် ဟစ်အော်
ငါလည်ချောင်းတွေလည်းကွဲရှနေခြဲ့ ပီ
ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့ချစ်သူရေ
မင်းနဲ့ငါ က
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး ။
ဒါပေမဲ့..
မမနံနက်ခင်းတိုင်းမှာမင်းရှိ တယ်
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
မင်းဟာ ငါဘ၀ရဲ့ နေ့ရက်တွေကို ပိုင်စိုးထားတယ်ဆိုတာမင်းသိရဲ့ လား.........
ရေးလက်စ စာတွေမဆုံးခင်
ဆိုလက်စတေးသွားလေး မဆုံးခင်
ဆွဲလက်စ စုတ်ချက်တွေ မပီပြင်သေးခင်တို့တွေ ဝေးဝေးသွား…။
အားငယ်နေတဲ့အခါ ဒို့တွေပြောခဲ့ကြတဲ့ စိတ်အဟာရဆေးတွေကိုတိုက်ကျွေးပါ။မင်းလေးရဲ့ ဘေးမှာငါ ...မရှိလည်း ငါပြောခဲ့တဲ့စကားတွေက
အရိပ်လိုမင်းဘေးမှာရှိနေတယ်။
ချစ်သူရယ်
ဖမ်းဆုပ်လိုက် အားငယ်နေတာတွေ ပျောက်ရှသွားအောင်
ရှုရှိုက်လိုက်ပါ။
ဘ၀ဆိုတာက
ဝိုင်းကြီးပက်ပက်လေတို့တွဲခဲ့တဲ့လက်တွေဖြုတ်မချ
ဘ၀က ဒူဝေေ၀ဖြစ်နေမှာပဲ။
မင်းနဲ့ငါ က
ခဏလေးဝေးတာပါ
မင်းရင်မှာ ကောင်လေးဆိုတဲ့ငါရှိနေသလို
ငါရင်မှာလည်း အရမ်းအားငယ်တတ်တဲ့
ချစ်ဖို့ကောင်းတဲ့
မင်းလေးရှိနေရဲ့လေ။
အဆင်မပြေမှုတွေနဲ့ထွေးလုံးရစ်ပတ်
ဝေဒနာနဲ့ ခံစားချက်တွေက
နှံပြည်စုတ်နဲ့ မိုးကောင်းကင်လိုမမျှတဘူး
ကြေကွဲဖြစ်တိုင်း
နာကျင်မိတိုင်း
တစ်ကိုယ်တော်အဆွေးသီချင်းတွေဟစ်
ငါလည်ချောင်းတွေလည်းကွဲရှနေခြဲ့
ပြောလက်စစကားတွေမကုန်ခင်
နေ၀င်ဆည်းဆာကပိုလို့တောက်ပလာရဲ့ချစ်သူရေ
မင်းနဲ့ငါ က
ပေတီးတူတူ မလှိမ့်ဘူးပါဘူး
သရေကွင်းလည်းတူတူမပစ်ဘူးပါဘူး
တူတူပုန်းတမ်းလည်းမကစားဘူးပါဘူး
ဒါပေမဲ့..
မမနံနက်ခင်းတိုင်းမှာမင်းရှိ
ညနေခင်းတိုင်းမှာလည်း မင်းတွဲခိုတယ်
ညခင်းတိုင်းမှာလည်း မင်းကလင်းရှင်းတယ်
မင်းဟာ ငါဘ၀ရဲ့ နေ့ရက်တွေကို ပိုင်စိုးထားတယ်ဆိုတာမင်းသိရဲ့ လား.........
1 comments:
ကောင်လေးရယ်ကောင်မလေးရယ် အားကျစရာလေးနော် သူတို့ဘ၀တွေကို
Post a Comment