ရောက်လာသမျှမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ တော်ဝင်ဆိုဒ်လေးမှာလိုအပ်တာလေးတွေကို ကော်မင့်ပေးသွားကြပါဦးနော် တော်ဝင်က အခုမှအစ ဆိုတော့လိုအပ်တာများရှိရင်အကြံလေးပေးကြပါလို့တောင်းဆိုပါရစေ။

ကြယ်ကြွေည၏ ဈာပန ရှိုက်သံ








..ချစ်သူ...
ဒီညမှာလေ
အတွေးတွေနဲ့အိပ်မပျော်လို့

ညလုံးပေါက်ထိုင်
ကဗျာတွေရေးခဲ့
မတွေးဖြစ်ပဲဝင်ဝင်လာတတ်တဲ့
မင်းအကြောင်းဆက်တွေးမိတော့

မျက်ရည်လည်ကာ

ငါငိုမိတယ်။
မိုးလင်းတဲ့အထိ
ထိုင်နေမိရင်း

တရေးမှအိပ်မပျော်
ကျိန်းစပ်စပ်မျက်လုံးတွေက

အချိန်ရှိတိုင်းလွမ်းခဲ့ရတဲ့ ချစ်သူ့စကား
အမြဲတမ်းတခဲ့ရ ...ချစ်သူ့အပြုံးတွေ

(ငါ) ပြန်မြင်ယောင်တော့

ငါ့နှလုံးခုန်သံတွေ တဒင်္ဂ
ရပ်တန့်သွားတယ် ချစ်သူ။

ကိုငှက်ကြီးရဲ့ . . . . . . . . . . . . . . . .
ချစ်တိုင်းလည်းမညား..ဒီတေးသွား
တစ်ပိုဒ်ကလည်း

ခဏခဏ ခပ်တိုးတိုးလေး ငါဆိုနေမိခဲ့
နာကျင်လွန်းတဲ့ရင် မင်းလက်အစုံနဲ့
မင်းရှိနေတဲ့..ငါ့ဘယ်ဘက်ရင်အုံပေါ်
ခဏလောက်တော့ဖိထားပါလား

.......ချစ်တဲ့သူရေ......
ဒီလိုနဲ့ပဲ ရက်တွေ ခညောင်း
နာရီ စက်ဝန်း တစ်
ပါတ်လည်ခဲ့

ခံစားရဝေဒနာ ဆိုးမှန်းသိပါရက်
မင်းရှိရာ အွန်လိုင်းမှန်းဆလို့လာ
ရောဂါပြင်းထန် ကြိတ်ခံခဲ့လည်း
ချစ်သူမရှိတဲ့အရပ်...ကြာကြာမနေရဲ

ဆေးရုံကို ခုံရုံးတစ်ခုလိုသဘောထား

အကြိမ်ကြိမ်ခါခါ
တက်ရောက်ကြားနာ စစ်ဆေးနေတဲ့

နှလုံးရောဂါ
တရားသူကြီးနဲ့သိပ်ကိုတူတဲ့
ကံကြမ္မာ...
ဝိဘတ်ကြမ္မာ ဖန်လာလေတဲ့

ကံတရား

ခုတင်ဘေးမှာ မတုန်မလှုပ်

ကျောက်ရုပ်တစ်ရုပ်လို နှုတ်ဆိတ်နေရင်း
သက်ပြင်းများချ မှိုင်တွေငေးမော

ဖြစ်နေရှာတဲ့...ဆရာဝန်ကြီး
မိခင်တစ်ယာက်ရဲ့ သောကဗျာပါဒ

ပူလောင်ကျွမ်းလို့...ဟိုရှေးရာ
ဇ၀င်ထဲက
မပဋာမြေလူး ...သည်းအူပြတ်သလို
ဝိညာဉ်ချုပ်ငြိမ်း ခန္ဓာသိမ်းတော့မယ့်
သမီးရဲ့ဖြစ်အင်...တစိမ့်စိမ့်ကြည်ရင်း


ပင်ပမ်းကြီးစွာ ရှိုက်ငိုလေတဲ့

ငါ့မိခင်ရယ်...။

ဟန်ဆောင်ခြင်းကင်း အပြစ်ရှင်းစွာ
ချစ်စဖွယ်စကား တီတီတာတာ
ဟာသများနှင့်...ငါ့ကိုအမြဲပျော်
အောင်
ထားပေးခဲ့တဲ့ ..ညီမလေးက
........ခုတော့ဖြင့်.......
စကားတစ်ခွန်းမဟ...ကလေးပီပီမထိန်းသိမ်းနိုင်


ကျယ်လောင်စွာ...အော်ဟစ်ငိုခဲ့
သူ့ခမျာလည်း...ပင်ပမ်းရှာပေါ့
ဘယ်အချိန်....ဘယ်အခါ
ဘယ်ပုံ......ဘယ်နည်း
ဘယ်ကို.......ဘယ်လို
လမ်းမသိ...အဖြေမရှိတဲ့အရပ်
ငါ့ခြေအစုံ...ရပ်တန့်နေခဲ့
သေခြင်းတရားရဲ့လားရာ အရပ်က


ဘယ်ဆီမှာလဲ.......။



ကြယ်ကြွေည၏ ဈာပန ရှိုက်သံ ( ၂ )






....ချစ်သူ......
သောကတွေနဲ့....ငါ...လောကကိုနှုတ်ဆက်


ရိုးရိုးလေးပဲ..နှုတ်ဆိတ်စွာနဲ့
ငါ..ချစ်တဲ့သူအားလုံးကို

တိတ်ဆိတ်စွာချန်ထားခဲ့တော့မယ်။


အဲဒီအချိန်မတိုင်ခင်လေးမှာ.

စူးနင့်သည်းစွာ အောင့်တက်လာတဲ့
ဘယ်ဘက်ရင်အုံ...မင်းနာမည်လေးကို

တဖွဖွရွတ်ဆိုလို့
ငါပျော်ခဲ့သေးတယ်
ငါ့ရဲ့စိတ်အစဉ်ကတော့...

မင်းရှိရာလွင့်ပါး
ချစ်သူရှိမဲ့အရပ်ကို ...အကြောင်းမကြား
တိတ်တိတ်လေးတော့ လာခဲ့ပါရစေ
လေပြည်ကြားထဲ..မျောလွင့်နေမဲ့

အဖြူရောင်တန်းလေး ၀ိညာဉ်တစဟာ
မင်းကိုလာကြည့်မှာပါ...။
........ချစ်သူရယ်.......


အဲ့ဒီအချိန်လေးတော့...အွန်လိုင်းပေါ်မှာလို

မသိချင်ယောင်မဆောင်နဲ့နော်ငါမရှိတော့ရင်လို့

ချစ်သူကိုအမှာစကား များစွာပန်ကြား
ပြောခဲ့တယ်လေ

ငါ့သံယောဇဉ်...မင်းသိခဲ့ရင်

ကြိမ်ဖန်များစွာ ငါသေရလည်း
မင်းရဲ့စိတ်နဲ့ ကျေနပ်နေမယ်
....ချစ်သူ..။

ဝိညာဉ်ချုပ်ငြိမ်း ခန္ဓာသိမ်းတော့
တိမ်မည်းညိုမှောင် ကောင်းကင်ရောင်က
လျှပ်ပြာပြာတို့...ကိုယ်ဟန်ပြခဲ

မိုးသားရိပ်ရိပ်...လိပ်လိပ်တက်လာ
ဒီကောင်းကင်မှာ...မိုးခြိမ်းသံကြောင့်

ကျယ်လောင်စူးရှ...ငါအော်မိခဲ့
မိုးတွေရွာတိုင်း....ကြောက်တတ်တဲ့ ငါ့ကို

အခုတော့....စိတ်ချလက်ချ
တစ်ယောက်ထဲ...ထားရစ်ခဲ့ကြပြီ
ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးဈာပန။

0 comments: